
Air pollution လေထုညစ်ညမ်းမှုနဲ့ သေဆုံးမှု
• လေထုညစ်ညမ်းမှုနဲ့ဆက်ပြီး သေးဆုံးရသူပေါင်း ၂ဝ၁၂ ထဲမှာ ၇ သန်း ရှိခဲ့တယ်။
• အဲဒီထဲက ၆ သန်းနီးပါးဟာ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (၂.၃ သန်း) နဲ့ ပစိဖိတ်အနောက်ပိုင်းဒေသ (၂.၈သန်း) က ဖြစ်ပါတယ်။
• အရှေ့တောင်အာရှမှာ ၁.၇ သန်းဟာ အိမ်တွင်းလေထုညစ်ညမ်းလို့ အသက်မကြီးခင်သေခဲ့ကြရတယ်။
• နှလုံးရောဂါ (၆ဝ%)၊ အသက်ရှူလမ်းရောဂါတွေနဲ့ ကင်ဆာတွေဟာ လေထုမသန့်ရှင်းတာနဲ့ ဆက်စပ်ပါတယ်။
• လူပေါင်း ၃.၃ သန်းတို့ဟာ အခန်းတွင်းလေထုမသန့်ရှင်းလို့သေဆုံးကြရတယ်။ အပြင်လေညစ်ညမ်းလို့က ၂.၆ သန်းရှိတယ်။
• အိမ်တွင်းလေမသန့်ဘူးဆိုတာ ချက်ပြုရာသုံးတဲ့မီးဖိုတွေက အများဆုံးပါ။
• ကမ္ဘာမှာ လူပေါင်း ၃ ဘီလျန်ဟာ ထင်းမီး၊ မီးသွေးမီး နဲ့ ကျောက်မီးသွေးမီးတွေကို အသုံးပြုနေကြရပါတယ်။ နွားခြေးမီးကိုပါသုံးနေရတဲ့ အိန္ဒိယမှာ လူဦးရေရဲ့ ၆၃% ဟ အဲလိုလောင်စာကိုသာသုံးနေကြတယ်။ ဒီလိုမီးတွေကနေ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်စေပါတယ်။
• ဆင်းရဲနွမ်းပါးသူတွေ (၈ဝ%) က သေဆုံးမှုအများဆုံးဖြစ်တယ်။ အဲဒီအထဲမှာ ဆင်းရဲတဲ့အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံးဖြစ်ပါတယ်။
ပြင်ပလေထုညစ်ညမ်းမှုကြောင့်သေဆုံးရတဲ့ရောဂါတွေ
နှလုံးသွေးကြောကျဉ်းရောဂါ = ၄ဝ%
နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၄ဝ%
နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၁၁%
အဆုပ်ကင်ဆာ = ၆%
ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၃%
အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးရတဲ့ရောဂါတွေ
နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၃၄%
နှလုံးသွေးကြောကျဉ်းရောဂါ = ၂၆%
နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၂၂%
ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၁၂%
အဆုပ်ကင်ဆာ = ၆%
Reference
- ဒေါက်တာတင့်ဆွေ blog
