
Vitamin E ဗီတာမင် (အီး)
(၁) ပြင်ဦးလွင် Feel စားသောက်ဆိုင်မှာ့
(၂) ဗီတာမင် E 400 IU ကို တစ်နေ့ ဘယ်နှစ်လုံးသောက်လို့ရပါသလဲ။ ၃ လုံး ထက်ပိုသောက်လို့ရပါသလား။
ဟိုတချိန်တုံးက မန္တလေးဈေးချိုမှာ (တိုးရစ်) အတွဲတခုက ကျွန်တော်တို့အတွဲကို တခုမေးလာတယ်။ လူကဲခပ် ကောင်းပုံရတယ်ခင်ဗျ။ (ဖရု-မားကက်) ဘယ်မှာလဲပေါ့။ ဗမာပြည်မှာက အသီးအနှံဈေးဆိုပြီး သီးခြားရယ်လို့မရှိဘူး မဟုတ်လား။ ဈေးတွေမှာ ပစ္စည်း အမျိုးတူတာတွေကို ဆိုင်ချင်းကပ် ရောင်းတဲ့ စနစ်မျိုးလောက်သာ ရှိတာပါ။ ဈေးချို အနောက်ဖက်တန်း၊ တောင်ဖက်ထိပ်ဟာ ရာသီအလိုက်ပေါတဲ့ အသီးအနှံတွေ ရောင်းတဲ့နေရာပါ။ တတ်စွမ်းတဲ့ (စပီကင်-စကေးလ်) နဲ့ဘဲ လမ်းညွှန်လိုက်ပါတယ်။ ကျွန်တော်တို့ ရောက်နေကြတာက (စီ)ရုံမို့၊ တောင်ဖက်ကို ကိုက် ၁ဝဝ ကျော်လောက် လျောက်ပါပေါ့။ ဗမာပီပီ သဘောကလည်း အပိုဆောင်း ကောင်းလိုက်ပါသေးတယ်။ အဲ့ ဈေးတော့ ဆစ်နော်။ ကျွန်တော်တို့တိုင်းပြည်မှာက ဈေးဝယ်လာသူကို အင်္ဂဝိဇ္ဇာနည်းနဲ့ အကဲခပ်ပြီးသကာလ ရရင်ရသလောက် ဈေးဝယ်သူဆီက ဖြစ်ညှစ်ရောင်းချင်တဲ့အကျင့် ရှိတယ်မဟုတ်လား။
အရောင်အသွေးစုံလှတဲ့ အသီးအနှံတွေကိုမြင်ရင် ဆရာဝန်တယောက်မျက်စိနဲ့ဆို ဒါဟာ ဗီတာမင်တွေလို့ဘဲ မြင်တတ်ပါတယ်။ ဗီတာမင်တွေဆိုတာ အသီးအနှံတွေကရတာလို့ ယေဘူယျပြောနိုင်တာကိုး။ အမှန်ကတော့ ဒီလိုပြောတာ အတိအကျတော့ မမှန်ပါ။ အသားငါးတွေကလဲ ရတာတွေရှိတယ်ခင်ဗျ။ ကကြီးကနေ အ၊ (အေ-တူ-ဇက်) ဒါမှမဟုတ် (အေ-တူ-ဇိ) ဗီတာမင်တွေထဲက (အီး) အကြောင်းလေး နည်းနည်းပါးပါး ဆွေးနွေး (ရှယ်) ရအောင်လား။
ဗီတာမင် (အီး) ဆိုတာ ဗမာစကားနဲ့ဆို ကြားလို့ သိပ်ကောင်းတာမဟုတ်ပေမဲ့ သူက ရှစ်မျိုးသောဓါတ်တွေကို စုစည်း ခေါ်တာမို့ ခေသူမဟုတ်ပါ။ ဗီတာမင်တွေကို အဆီမှာပျော်ဝင်တာနဲ့ ရေမှာပျော်ဝင်တာဆိုပြီး နှစ်မျိုးခွဲရာမှာ သူက အဆီမှာ ပျော်သတဲ့။ (အေ) နဲ့ (ဒီ) လိုပါဘဲ။ ဒါ့ကြောင့် ဆီထုတ်လို့ရတဲ့ အစားအစာတွေမှာ ပါတယ်။ အစေ့အဆံတွေ၊ အသီးအရွက်တွမှာ ပါပါတယ်။ မြေပဲ၊ ပဲပုတ်စိ၊ (အလာမုန်း)၊ သံလွင်ဆီ၊ သင်္ဘောသီး၊ မုံညင်းစိမ်း၊ မုံညင်းဖြူ၊ ခရမ်းချဉ်သီး တို့မှာလဲပါတယ်။ (ဘရူကိုလီ) ခေါ် မုံလာပွင့်စိမ်း၊ ဟင်းနုနနွယ်ရွက်တွေမှာ ပါတယ်။
ရုပ်ရှင်-တီဗွီ ကြည့်ရင် နေကြာစေ့လှော်စားတာက အမှိုက်ရှုတ်ပြီး နုတ်ခမ်းနီ ပျက်တတ်ပေမဲ့ ဗီတာမင် (အီး) ပါလို့ ကောင်းပါတယ်။ (ကျွန်တော်က နေကြာစေ့ရောင်းသူ မဟုတ်ပါ။)
ဗီတာမင် (အီး) ကို Alpha-tocopherol; Gamma-tocopherol လို့လဲခေါ်တယ်။ ဗီတာမင်တွေထဲက အဆီမှာ ပျော်ဝင်တဲ့ အမျိုးအစားတခုဖြစ်တယ်။ ဟင်းသီးဟင်ရွက်ကရတဲ့ အဆီတွေ၊ အစေ့အဆံတွေ၊ အသားငါးဥတွေ၊ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကထုတ်တဲ့ဆီ တွေထဲမှာ ပါနေတယ်။ ဆေးအနေနဲ့လဲ ထုတ်လုပ်ပါတယ်။
ဗီတာမင် (အီး) နည်းတဲ့ရောဂါဆိုတာ အရှားသားပါ။ အဆီကို စုပ်ယူနိုင်စွမ်း မရှိတဲ့အခြေအနေ၊ မွေးတုံးက ကိုယ်အလေးချိန် မပြည့်ရင်၊ အူမှာ ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ ဗီတာမင် (အီး) နည်းတဲ့ရောဂါကို ကုဘို့မှာသုံးတယ်။ ဓါတ်နည်းမနေပေမဲ့ ရောဂါကာကွယ်ရေးအတွက်လဲ သုံးပါသေးတယ်။ သွေးကြောတွေမာနေတာ၊ နှလုံး (အတက်) ရမှာ၊ သွေးတိုးတာတို့ဖြစ်တယ်။ ဆီးချိုအတွက်လဲ သုံးပါသေးတယ်။ အဆုပ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သရက်ရွက်ကင်ဆာတွေမှာလဲ သုံးတယ်။
ဦးနှောက်နဲ့ အာရုံကြောရောဂါတွေဖြစ်တဲ့ (အဇာမိုင်ယာ) ရောဂါ၊ (ဒီမင်းရှား) ရောဂါ၊ (ပါကင်ဆင်) ရောဂါတွေ၊ ညအချိန်ကြွက်တက်တာ၊ Restless leg syndrome ခြေထောက်မငြိမ်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ Huntington’s chorea ရောဂါတွေမှာလဲသက်တိုတဲ့ဆေးတွေနဲ့ တွဲပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ကိုယ်ဝန်နောက်ပိုင်းလတွေမှာ ကိုယ်ဝန်သွေးဆိပ်တက်လို့ သွေးတိုးကြောင့် ဖြစ်လာတတ်တာတွေကို ကောင်းစေဘို့သုံးပါတယ်။ PMS သွေးမဆုံးခင်ကလ ဖြစ်တတ်တာတွေ သက်သာဘို့လဲ ပေးတယ်။ ရာသီလာရင်နာတာ၊ သွေးဆုံးလက္ခဏာတွေ၊ ရင်သားကင်ဆာနဲ့ ရင်သာအကျိတ်တွေကြောင့်ဖြစ်ရတဲ့ မျက်နှာနီမြန်းခြင်းဖြစ်တာတွေအတွက်လဲ ပေးနိုင်ပါတယ်။
ကျောက်ကပ်ဆေးနေရလို့ဖြစ်တဲ့ဒဏ်တွေ၊ ဓါတ်ရောင်ခြည်ကင်တာသက်သာစေဘို့ Doxorubicin နဲ့ Amiodarone ဆေးတွေ သောက်နေရသူတွေမှာ ဘေးထွက်ဆိုကျိုးတွေ သက်သာအောင်လဲ ပေးတယ်။ ရုပ်ပိုင်းခံနိုင်စွမ်းကောင်းအောင်၊ ခွန်အားကြီးအောင်၊ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားထိခိုက်တာ သက်သာအောင်တွေအတွက်လဲ သုံးနိုင်ပါတယ်။ မျက်စိအတွင်းတိမ်၊ ပန်းနာ၊ အသက်ရှူလမ်းပိုးဝင်တာ၊ အရေပြားနာတွေ၊ အသက်အရ အရေပြား ပြောင်းလဲတာ၊ နေလောင်တာ၊ Cystic fibrosis ရောဂါ၊ ကလေးမရနိုင်သေးခြင်း၊ ပန်းသေ-ပန်းညှိုး၊ နာတာရှည်အားနည်းခြင်း၊ လေနာရောဂါ၊ အလာဂျီဖြစ်တာတွေ။ ကင်ဆာဆေးကြောင့်ဖြစ်ရတဲ့ အရေပြားမှာဖြစ်တာတွေအတွက် လိမ်းပေးနိုင်တယ်။
ဗီတာအင် (အီး) တနေ့တာလိုအပ်ချက်
- ကလေး ၆ လအထိ = 4 mg/day
- ၇-၁၂ လအထိ = 5 mg/day
- ၁-၃ နှစ်အထိ = 6 mg/day
- ၄-၈ နှစ်အထိ = 7 mg/day
- ၉-၁၃ နှစ်အထိ = 11 mg/day
- ၁၄ နှစ်အထက် = 15 mg/day
- လူကြီးတွေ တနေ့မှာ 1,500 IU/day ထက်မပိုသင့်ပါ။ ဆေးအနေနဲ့ ဖြည့်စွက်သောက်ရင် တနေ့မှာ 1,000 IU/day ထက်မပိုသင့်ပါ။
ဗီတာမင် မှန်သမျှ မရှိမဖြစ်လိုပေမဲ့ နည်းနည်းဆိုရတယ်။ လူစားတဲ့အစာတွေမှာ ပါတာမို့ အဆန်းကြီး မဟုတ်ပါ။ အခုရေးတာတွေထက် ပိုပြီး ဆေးရောင်းတဲ့ ကုမ္ပဏီတွေက ကြော်ညာတာတိုင်း သွားတော့မယုံလေနဲ့။ အဲ့ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် (အီး) များရင်လဲ မကောင်းပြန်ဘူး။ ဆေးပညာအရပြောရရင် တနေ့ကို ၁ဝဝဝ မီလီဂရမ်ထက် မပိုသင့်ဘူး။ အသက်ငယ်ရင် ငယ်သလို နည်းနည်းဘဲ လိုတာပါ။
ဗီတာမင် (အီး) နဲ့ပတ်သက်လို့ သိပ်မသေချာသေးတာတွေ အတော်ရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်၊ ကင်ဆာ (အစာအိမ်ကင်ဆာ၊ အမျိုးသမီးရင်သားကင်ဆာ၊ အမျိုးသမီးအူမကြီးကင်ဆာ၊ ယောက်ျား ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ) စတာတွေကို ကောင်းစေတယ်ဆိုတာက သုတေသန အဆင့်မှာသာ ရှိပါသေးတယ်။ နောက်ပြီး မျက်စိအတွင်းတိမ်အတွက် အကျိုးများစေတယ်လို့ ဆိုပါတယ်။
သေချာတာကတော့ နေရာင်ထဲမှာပါတဲ့ အန္ကရာယ်ပေးတတ်တဲ့ ခရမ်းလွန်ရောင်ခြည် (ယူဗွီ-လိုက်) ကို ကာကွယ်ရာမှာ သူက ကောင်းပါတယ်။ ဒါ့ကြောင့် သူ့ကို ကောင်းခြင်းငါးဖြာထဲက အသားအရေ၏ ကောင်းခြင်းကို လိုချင်သူ အမျိုးသမီးများက သဘောကျကြတယ် မဟုတ်ပါလား။ အမျိုးသမီးတွေအတွက် ကောင်းမှာတွေ ရှိပါသေးတယ်။ ဝက်ခြံ၊ ရင်သားကင်ဆာ၊ ရင်သားအကြိတ်၊ သွေးဆုံးလက္ခဏာတွေ၊ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးတာ၊ မွေးလမ်းကြောင်း ရောင်တာတွေမှာလဲ ကောင်းစေပါသေးသတဲ့။
ဗီတာမင် (အီး) ရော (အေ) ရောဟာ အသားအရေကို ကောင်းစေပါတယ်။ နှစ်မျိုးလုံးက အဆီမှာ ပျော်ဝင်တာမျိုးတွေမို့ ဆီရှားတဲ့အရပ်၊ ဆီမစားတတ်တဲ့ အကျင့်ရှိတဲ့အရပ်က လူတွေအတွက် သတိထားသင့်တယ်။ ဆီ-အဆီကို ရှောင်တိုင်း မကောင်းပါ။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ (ကြက်ဆူဆီ မပါ) ပေါလှတဲ့အရပ်က အညာသူ၊ အညာသားတွေဟာ ညိုချောတွေဖြစ်ကြတာ မဆန်းပါ။ ညိုချောဆိုတာ အသားရောင် ညိုပေမဲ့ ထိတွေ့တဲ့အခါ ချောမွေ့တာကို ဆိုတာပါ။
Reference
- ဒေါက်တာတင့်ဆွေ blog

[…] Vitamin E Vitamin B Complex […]
LikeLike
[…] Vitamin E Vitamin B Complex […]
LikeLike
[…] ဗီတာမင် (အီး)|Vitamin E […]
LikeLike