
Muscle twitch ကြွက်သားလှုပ်ခြင်း
ကျွန်တော့အမျိုးသမီး အသက်၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့ မဖြစ်သေးပါ။ အမျိုးသမိးက ပေါင် ၁၄၀၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့ Reju Nuron ဆိုတဲ့ Methylcobalamin and Alpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။ အကြာကြီးသောက်ဖို့ ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်း မပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။
စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကို ဆေးစာနဲ့ Fasciculation ခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။
Motor tics ကြွက်သား ဆတ်ကနဲ လှုပ်တာလိုဘဲ Vocal tics အသံမှာဖြစ်တာလဲရှိတယ်။ ကလေး ၂၅% မှာ အနည်းနဲ့အများဖြစ်ကြတယ်။ စိတ်ဖိအားများတာ၊ အိပ်ရေးပျတာကနေဖြစ်ကြရှာတယ်။ Muscle twitches ကြွက်သားလှုတ်တာ ဆက်တိုက်ဆက်တိုက် စိတ်ကနေမခိုင်ဘဲလှုပ်တာမျိုးဖြစ်တယ်။
ကြွက်သားလှုတ်တာ ဖြစ်စေတဲ့အကြောင်းတွေက များတယ်။ အများစုဟာ စိုးရိမ်စရာမရှိတာတွေ ဖြစ်တယ်။
• Poliomyelitis ပိုလီယိုရောဂါ၊ Neuromyotonia နဲ့ Spinal muscular atrophies (SMA) ရောဂါတွေကနေ ဖြစ်တယ်။
• Acetylcholinesterase inhibitors ပါတဲ့ Myasthenia gravis ခေါ်တဲ့ ကြွက်သားရောဂါအတွက်ပေးတဲ့ ဆေးကနေလဲ ဖြစ်နိုင်တယ်။
• Organophosphate poisoning အင်းဆက်သတ်ဆေး အဆိပ်သင့်ရင်လဲဖြစ်နိုင်တယ်။
• Valium ဗေလီယမ်လို စိတ်ငြိမ်ဆေးဖြစ်ရာကနေလဲ ဖြစ်နိုင်တယ်။
• Magnesium deficiency (မက်ဂနီဆီယမ်) ဓါတ်နည်းလို့လဲဖြစ်နိုင်တယ်။
• Rabies ခွေးရုးပြန်ရောဂါကနေလဲဖြစ်တယ်။
• Anticholinergic drugs ဗိုက်နာသက်သာဆေးတွေ၊
• Diphenhydramine (Benadryl, Dimedrol, Daedalon and Nytol) အင်တီဟစ်တမင်းဆေးတွေ၊
• Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan) ကားမူး၊ အအန်ပျောက်ဆေးတွေ၊
• Caffeine, Pseudoephedrine (Sudafed), Amphetamines လို စိတ်နိုးကြားစေတာတွေ၊
• Salbutamol (Proventil, Combivent, Ventolin) ပန်းနာဆေးတွေ၊ ကုသတာမှာ ဖြစ်စေတာကိုသိရင် ကုပေးရမယ်။ ဥပမာ Magnesium နည်းသူကို မက်ဂနီဆီယမ်ပေးရတယ်။ မက်မုန်သီ၊ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။ Magnesium supplements ဆေးလဲသောက်နိုင်တယ်။ များရင်လဲ မကောင်းပါ။ ဝမ်းလျှောမယ်။ Milk of Magnesia ဝမ်းပျော့ဆေးသောက်ရသူတွေ သတိထားရမယ်။ လိပ်ခေါင်းအတွက် ပေးတယ်။ Benign fasciculation syndrome (BFS) ခေါ်တဲ့ ကြွက်သားလှုပ်ရောဂါလဲရှိတယ်။
• အများအားဖြင့် မျက်ခွံ၊ လက်နဲ့ ခြေထောက်မှာဖြစ်တယ်။ လျှာမှာလဲဖြစ်တတ်သေးတယ်။
• နားနေရင်းလဲဖြစ်တယ်။ ပင်ပန်းလို့၊ စိုးရိမ်စိတ်များလို့၊ ကြွက်သားတွေနာလို့ကနေလဲဖြစ်တယ်။
• Electromyography (EMG) နည်းနဲ့ရောဂါရှာတယ်။
• စိုးရိမ်စိတ်များသူတွေကို beta-blockers နဲ့ anti-seizure drugs ဆေးတွေပေးနိုင်တယ်။
Reference
- ဒေါက်တာတင့်ဆွေ blog

[…] Previous ကြွက်သားလှုပ်ခြင်း|Muscle twitch […]
LikeLike